Loading...

Monday, April 10, 2017

သရဲ - ၄၁

ကိုယ်က အလင်းရောင်ကြောက်တယ်
လူစိမ်းတွေဆို ကြောက်တယ်
နေ့စွဲတွေ နာရီတွေ မသိဘူး
အမှတ်တရတော်တော်များများကို မမှတ်မိတတ်ဘူး
ပတ်ဝန်းကျင်နဲ့ သိပ်ပြီး သဟဇာတ မဖြစ်လှဘူး
ခြေရှည်တတ်ပေမယ့် ဘယ်နေရာရောက်ရောက်
အိမ်အပြန်လမ်းကိုတော့ ဘယ်တော့မှ မမေ့ပါဘူး
တလောကလုံးကို စောက်ဖက်မလုပ်ဘူး ဆိုပေမယ့်
တစ်ခါတစ်လေ ပွတ်သီးပွတ်သပ်တော့လုပ်ချင်တယ်
ဒါကြောင့်မို့
ကိုယ့်ကို ကြောင်တစ်ကောင်လို ဆက်ဆံပါ

No comments:

Post a Comment