Loading...

Wednesday, February 21, 2018

အချစ်ကဗျာ - ၂၄

ဘာကိုမှ ရပ်တန့်ဖို့ မကြိုးစားချင်ဘူး
အချိန်ဆိုတာက ခဏလေးနဲ့ကုန်သွားမှာ
ရွေးချယ်စရာနှစ်ခုရှိတယ် ဆိုပါစို့
အတိတ်မှာချန်ထားခဲ့တဲ့ အမှတ်တရတွေကို
စုဆောင်းနေမလား
အနာဂါတ်ကိုသွားမယ့်
စိတ်ကို မွေးမြူမလား
ကိုယ်က တအားကို တုံးလွန်းအလွန်းတယ်
အမှတ်တရတွေကို တခုမကျန်
လုံလုံခြုံခြုံ ထုပ်ပိုးပြီး
မနက်ဖြန်ကိုရောက်လာနိုးနိုးနဲ့
ရောက်ရာပေါက်ရာလျှောက်သွားနေတဲ့
ခရီးသွားတစ်ယောက်ပဲ
ချစ်ခြင်းမေတ္တာဟာ အချိန်တအားကြာလာရင်
ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်လာလိမ့်မယ်လို့
ယုံကြည်နေမိတယ်
တချို့သော ဒါဏ်ရာတွေက
သေ မှ ပျောက်ကင်းတတ်တာမျိုး မဟုတ်လား

No comments:

Post a Comment